Address
304 North Cardinal St.
Dorchester Center, MA 02124

Work Hours
Monday to Friday: 7AM - 7PM
Weekend: 10AM - 5PM

Vision Global Myanmar

Vision Global Myanmar International Consultant Company Limited ကို ၂၀၂၂ခုနှစ် ဇွန်လ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများဉပဒေ ၂၀၁၇ အရ စတင်တည်ထောင်ဖွဲ့စည်းခဲ့သည်။ Vision Global Myanmar သည် နိုင်ငံတကာငွေကြေးစျေးကွက် နှင့်ကမ္ဘာ့ရွှေစျေးကွက်အတွင်းအရောင်းအဝယ်ပြုလုပ်လို သည့်ကုန်သည်များအား အကြံပေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီဖြစ်ပါသည်။ စတင်တည်ထောင်ပြီးသည့်အချိန် မှစ၍ စျေးကွက်အတွင်း လူဦးရေ ၈၀၀ ကျော်ခန့်အား ငွေကြေးစျေးကွက် နှင့်ပတ်သပ် သည့်သင်တန်းများ ၊အရောင်းအဝယ် နှင့်ပတ်သပ်သည့် အကြံပေးမှုများအား ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်သည်။ လက်ရှိ အချိန်၌ ရန်ကုန်၊ မန္တလေး မြို့များတွင် ရုံးခွဲများဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

နိုင်ငံတကာငွေကြေးနှင့် ကမ္ဘာ့ရွှေဈေးကွက် ဆိုတာ ဘာလဲ ?

FOREX ဆိုသည်မှာ FOR = FOREIGN (နိုင်ငံခြားနှင့်ဆိုင်သော) Ex = Exchange (လဲလှယ်ခြင်း) ဟု အဓိပ္ပါယ်ရသော စကားလုံးနှစ်လုံးကို ပေါင်းစည်းထားသော အတိုကောက် စကားလုံးတစ်လုံးဖြစ်သည်။ ခေတ်သစ်စီးပွားရေးအရ ငွေကြေးကို အခြေခံသည့်အတွက် နိုင်ငံခြားငွေကြေးလဲလှယ်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ထို့ကြောင့် Forex Trading ကို “နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေးဈေးကွက်” ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ကမ္ဘာလုံးဆိုင်ရာငွေကြေးများကို တစ်နေရာတည်တွင် လဲလှယ်ရောင်းဝယ်နိုင်သော ကမ္ဘာ့အကြီးမားဆုံး နည်းပညာအခြေခံဈေးကွက်တစ်ခုဖြစ်ပါသည်။

နိုင်ငံတာငွေကြေးဈေးကွက်တွင် အရောင်းအဝယ်လုပ်ခြင်းသည် လက်တွေ့မြေပြင်တွင် မျက်မြင်ကိုင်တွယ် ထိတွေ့ရောင်းဝယ်နေကြသော Physical Trading မျိုး မဟုတ်ပါ။ Internet ချိတ်ဆက်၍ အရောင်းအဝယ်ပြုလုပ်ရသော Online Trading တစ်ခုဖြစ်ပါသည်။ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများမှတဆင့် သက်ဆိုင်ရာဈေးကွက်မှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပြသပေးနေသည့် ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး အရောင်းအဝယ်လုပ်ရသည့် ဈေးကွက်အမျိုးအစားဖြစ်ပါသည်။ Commodity Trading ဆိုသည်မှာလည်း ငွေကြေးဈေးကွက်ကဲ့သို့ပင် လုပ်ထုံးလုပ်နည်းများတူညီသော Online Trading ဈေးကွက်ဖြစ်ပြီး ရွှေ၊ ရေနံ၊ တွင်းထွက်ပစ္စည်း သယံဇာတနှင့် အဖိုးတန်ပစ္စည်းများကို ရောင်းဝယ်ရသော ဈေးကွက်ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာငွေကြေးစျေးကွက်နှင့် ကမ္ဘာ့ရွှေစျေးကွက် သည် မည်သည့်နိုင်ငံကမျှ ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့်လည်ပတ်နေသောစျေးကွက်မျိုးမဟုတ်ဘဲ လွတ်လပ်၍အမှီအခိုကင်းသောကမ္ဘာလုံးဆိုင်ရာစျေးကွက်အဖြစ် ရပ်တည်နေရုံမက အရောင်းအဝယ်ပြုလုပ်နေသူများမှာလည်း ကမ္ဘာကျော်ဘဏ်လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ နှင့်သာမန် လက်လီ/လက်ကားရောင်း ဝယ်နေသော ကုန်သည်များပါမကျန် ပါဝင်နေသည့်အတွက် ယုံကြည်မှု အခိုင်အမာရရှိလာသောစျေးကွက်တစ်ခုအဖြစ်ရပ်တည်နေပါသည်။

စျေးကွက်အတွင်းတစ်နေ့တာလည်ပတ်နေသောပမာဏအားဖြင့် ဒေါ်လာ ၆ထရီလီယံ ဝန်းကျင်ခန့် ရှိသည်ဟု ပညာရှင်များက တွက်ဆထားကြပြီး တစ်ပတ်လျှင် ၅ ရက် (တင်္နလာနေ့ မှ သောကြာနေ့အထိ ) ၂၄ နာရီ လည်ပတ်နေသောစျေးကွက်အမျိုးအစားဖြစ်ပါသည်။

အရောင်းအဝယ်လုပ်ဖို့ ဘာတွေလိုအပ်လဲ?

ကမ္ဘာလုံးဆိုင်ရာဈေးကွက်တစ်ခုဖြစ်သည့်အလျောက် ယုံကြည်စိတ်ချစွာ အရောင်းအဝယ်ပြုလုပ်နိုင်ရန် ကြားခံ (Broker) ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ရသည်။ အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ချိတ်ဆက်လိုသည့် Broker ကုမ္ပဏီကို ရွေးချယ်ပြီးနောက် အရောင်းအဝယ်ပြုလုပ်နိုင်သည့် မိမိကိုယ်ပိုင် အကောင့်တစ်ခု ရရှိလာမည်ဖြစ်သည်။ ၎င်းအကောင့်ထဲသို့ အရောင်းအဝယ်ပြုလုပ်ရန် မိမိစတင်ရင်းနှီးလိုသည့် ငွေပမာဏကို ထည့်သွင်းပြီးနောက်မိမိနှစ်သက်ရာဈေးကွက်တွင်စတင်အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။

နိုင်ငံတကာငွေကြေးစျေးကွက်မှာဘာကြောင့်အရောင်းအဝယ်လုပ်ကြတာလဲ ?

Forexကုန်သွယ်မှုသည် ခေတ်ပြိုင်ဘဏ္ဍာရေးတွင်အကျိုးအမြတ်အရှိဆုံးနှင့် လျင်မြန်စွာကြီးထွားနေသောနယ်ပယ်များထဲမှတစ်ခုဖြစ်သည်။ ကမ္ဘာ့ငွေကြေးဈေးကွက်သည် ရင်းနှီးမြှုပ်နှံသူများကိုအရင်းအနှီးအနည်းငယ်ဖြင့် အကျိုးအမြတ်များရရှိစေရန် အခွင့်အလမ်းများကိုပေးဆောင်ထားပြီး ကမ္ဘာတစ်ဝှမ်းရှိ အရောင်းအဝယ်ပြုလုပ်သူများကို ဆွဲဆောင်ထားသည်။

Forex ကုန်သွယ်မှုသည် နိုင်ငံတကာ စီးပွား​ရေးတစ်ခုဖြစ်ပြီး ကုန်သည်များကို အကျိုးအမြတ်များတိုးပွာ လာ​စေရန် အလားအလာရှိသည်။ ဤသို့အခွင့်အ​ရေးနှင့်အတူ စျေးကွက်မကျွမ်းကျင် ခြင်း​ကြောင့် ဆုံးရှုံးနိုင် ​ခြေလည်းရှိပါသည်။ Vision Global Myanmar သည် ကျွန်ုပ်တို့၏ clients များအား ​စျေးကွက်မှ  အကျိုးအမြတ်များ ရရှိ​အောင် နည်းပညာအရ အကြံ​ပေးခြင်းများ ၊ စီးပွား​ရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု နည်းစနစ်များကိုအသုံးပြု ၍ ကုန်သွယ်မှုပြုနိုင်​အောင် ကူညီ​ဆောင်ရွက်​ပေးပါသည်။

ရည်ရွယ်ချက်

ကျွန်ုပ်တို့၏ ဖောက်သည်များအား ငွေကြေးပိုင်းဆိုင်ရာ အောင်မြင်မှု့များအတွက်လိုအပ်သည့် နည်းပညာ၊ အသိပညာနဲ့ အရင်းအမြစ်များကို သိရှိစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များ ၏ လိုအပ်ချက်များ ၊ ၎င်း အခြေအနေများနှင့် ကိုက်ညီသည့်ကိုယ်ပိုင်ငွေကြေးဆိုင်ရာဖြေရှင်းနည်းများအားအကြံပေးဝန်ဆောင်မှုပေးခြင်းဖြင့်ရေရှည်တည်တံ့သောဆက်ဆံရေးများ တည်ဆောက်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များအတွက်ယုံကြည်စိတ်ချရသည့် လုပ်ဖော်ကိုင်ဖက် ဖြစ်စေရန်၊ ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်များအကြောင်းအား ကောင်းစွာနားလည်သဘောပေါက်စေပြီး ၎င်းတို့၏ငွေကြေးဆိုင်ရာ အနာဂတ် အပေါ် အပြုသဘောသက်ရောက်စေမည့် ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ရန် ရည်ရွယ်ပါသည်။

800+

Clients

300+

Trading Account

500+

Market Training

Above 8 +

Period Month

Let’s us Guide You A Better Fucture

Our service helps you to get started in the world of FOREX market for free